A Decade of Impact
Empowering Lives
Since 2013
The City Love & Hope Foundation was founded in 2013 with the purpose of leading Myanmar in a positive direction by implementing effective and streamlined social impact projects. Our focus is on developing sustainable initiatives that will have a meaningful and long-lasting impact on Myanmar and its people.
4+
Dedicated Pillars Driving Change
Across Myanmar
100,000+
Lives Positively Impacted Through
Our Projects
10+
Active Projects in 10+ States &
Regions Nationwide
13+
Years of Commitment to Sustainable
Community Development
ကျွန်ုပ်တို့အဖွဲ့အစည်းသည် မြန်မာနိုင်ငံ၏
ပညာရေးစနစ်တွင် သင်ယူမှုစွမ်းရည်များ တိုးတက်စေရန် စဉ်ဆက်မပြတ်
လုပ်ဆောင်လျက်ရှိပြီး၊ အားလုံးပါဝင်နိုင်သော ကျွမ်းကျင်မှုများ (inclusive
skillsets) ဖြင့်
လူငယ်များ အနာဂတ်ဖော်ဆောင်နိုင်ရေး ရည်ရွယ်ပါသည်။
ကျွန်ုပ်တို့သည် မြန်မာနိုင်ငံ၏ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ရေရှည်တည်တံ့မှုဆိုင်ရာ အသိပညာများ မြှင့်တင်ရန် ရည်မှန်းချက်ထားရှိပြီး၊ လုပ်ငန်းဆောင်ရွက်မှုတိုင်းတွင် ပတ်ဝန်းကျင်အပေါ် သက်ရောက်မှု အား အမြဲဂရုတစိုက် ဆန်းစစ်လျက် ရှိပါသည်။
ကျွန်ုပ်တို့၏ CSR လုပ်ငန်းစဉ်အဖြစ် မြန်မာပြည်သူများ၏
ကျန်းမာရေးအဆင့်အတန်းမြင့်မားရေးနှင့် ရေရှည်တည်တံ့သော နေထိုင်မှုပုံစံများ
ဖော်ဆောင်ရန် ကြိုးပမ်းလျက်ရှိပါသည်။ ဤလုပ်ငန်းစဉ်တွင် ကျန်းမာရေးဆိုင်ရာ
အသိပညာပေးလုပ်ငန်းများ၊ ကျန်းမာရေးနှင့်ညီညွတ်သော နေထိုင်မှုပုံစံများ ဖော်ဆောင်ခြင်းတို့
ပါဝင်ပါသည်။
အခြေခံလူတန်းစားများ၏ ဘဝအဆင့်မြှင့်တင်ရေးအတွက်
ကျွန်ုပ်တို့သည် ကျေးလက်နှင့် မြို့ပြဒေသများတွင် လက်တွေ့ကျသော
ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။ ဒေသခံများအတွက်
စိုက်ပျိုးရေးနှင့် ရိုးရာလက်မှုပညာသင်တန်းများကို ဖွင့်လှစ်ပေးပြီး၊
ဤသင်တန်းများမှတစ်ဆင့် ကျွမ်းကျင်မှုများ မြှင့်တင်နိုင်ရန် ရည်ရွယ်ပါသည်။
ထို့အပြင် မိသားစုဝင်များအတွက် ဝင်ငွေအခွင့်အလမ်းများ တိုးပွားလာစေရန်
အသေးစားလုပ်ငန်းများ စတင်နိုင်အောင် အရင်းအနှီးပံ့ပိုးမှုများကိုလည်း
ဆောင်ရွက်ပေးလျက်ရှိပါသည်။ ဤအစီအစဉ်များ သည် ဒေသခံများ၏
စီးပွားရေးတည်ငြိမ်မှုနှင့် ဘဝအရည်အသွေး တိုးတက်လာစေရန် ရည်ရွယ်ပြီး၊
ရေရှည်ဖွံ့ဖြိုးတိုးတက်မှုကို တည်ဆောက်နိုင်မည့် အခြေခံအုတ်မြစ်တစ်ခုအဖြစ်
ဖော်ဆောင်နေ ပါသည်။